Tuesday, August 2, 2011

Photos and Slides collected for 88 -23 year Event @ SF Bay

ဆန်ဖရန်ဘေးဧရိယာ ၈လေးလုံး ၂၃ နှစ် အခမ်းအနားတွင် တင်ဆက်မည့် အချက်အလက်များ စုစည်း
မိုးမခ၊ သြဂုတ် ၃၊ ၂၀၁၁
လာမယ့် သြဂုတ်လ ၆ ရက် စနေနေ့မှာ မြန်မာပြည်ဒီမိုကရေစီအရေးတော်ပုံ ၈လေးလုံး ၂၃ နှစ်ပြည့် အခမ်းအနား အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယား၊ ဘေးဧရိယာမှာ မြန်မာ့ဒီမိုကရေစီအင်အားစုများ စုဝေးပြီး တိုင်းရင်းသားမိသားစုများနဲ့ လက်တွဲ ကျင်းပကြမှာ ဖြစ်ပါတယ်။ အဲသည် အခမ်းအနားမှာ ၈လေးလုံး အရေးတော်ပုံနဲ့ အဖွဲ့အစည်းအလိုက် ဓာတ်ပုံမှတ်တမ်းများ ပြပွဲကိုပါ တွဲဖက်တင်ဆက်မှာ ဖြစ်တဲ့အတွက် ဓာတ်ပုံများ စုစည်းထားတာကို သူတို့ရဲ့ ဘလောက်မှာ မျှဝေထားတာကို တွေ့ရပါတယ်။ http://sfbc88.blogspot.com


          သံဃာတော် ၃ ပါးနဲ့ ဘာသာပေါင်းစုံကို ဖိတ်ခေါ်တဲ့ ဆုတောင်း ကောင်းမှုပြုပွဲကို မနက် ၁၁ နာရီက ၁၂ နာရီအတွင်း၊ ၁၂ နာရီက ၁ နာရီမှာ အများဝိုင်းဝန်းတဲ့ စုပေါင်း ထမင်းဟင်းနဲ့ မုန့်ဟင်းခါးနဲ့ ဧည့်ခံခြင်း၊ နေ့ခင်း ၁ နာရီက ၄ နာရီအထိကို ၈လေးလုံး အခမ်းအနား တင်ဆက်မှုများကို ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။
          လက်ရှိ ဓာတ်ပုံပြခန်းများအတွက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ရှမ်းမိသားစုများ၊ ကရင်မိသားစုများ၊ အခမ်းအနားကျင်းပရေးကော်မီတီရဲ့ ၈လေးလုံး ဓာတ်ပုံမှတ်တမ်းများကို စုစည်းထားပြီးဖြစ်ပါတယ်။ ကျန်ရှိနေသေးတဲ့ တိုင်းရင်းသားများ၊ နိုင်ငံရေးအစုအဖွဲ့များရဲ့ လှုပ်ရှားမှု၊ မှတ်တမ်းဓာတ်ပုံများကိုလည်း တင်ဆက်ဖို့ ပြန်ကြားရေးအဖွဲ့က ဖိတ်ခေါ်လျက်ရှိပါတယ်။ အခမ်းအနားစင်မြင့်တင်ဆက်မှုအတွက်ကိုလည်း အများဝိုင်းဝန်းတဲ့ တင်ဆက်ပြသမှုအဖြစ် တင်ဆက်နိုင်အောင် ကြိုးပမ်းလျက်ရှိပါတယ်။ ဓာတ်ပုံတွေကို သည်မှာ ကြည့်နိုင်ပါတယ်။
          အခမ်းအနားဖြစ်မြောက်ရေးအတွက် ၀ိုင်းဝန်းကြတဲ့ အဖွဲ့အစည်း ၁၀ ခုအနက် စုစည်းရရှိသမျှ အဖွဲ့ ၅ ခုရဲ့ ရပ်တည်ချက်အကျဉ်းကို ဖော်ပြရသည်ရှိသော် အောက်ပါအတိုင်း ဖြစ်တာကို တွေ့ရပါတယ်။ ကျန်ရှိနေသေးတဲ့ အဖွဲ့တွေရဲ့ ကိုယ်ရေးအကျဉ်းကိုလည်း တင်ဆက်သွားမှာ ဖြစ်ပါတယ်။ အခမ်းအနားမှာ ၈လေးလုံး ၂၃ နှစ် အခမ်းအနားလက်ကမ်းစာစောင်ကို ဖြန့်ချိမှာဖြစ်ပြီး အခမ်းအနားအစီအစဉ်၊ အခမ်းအနားထုတ်ပြန်ကြေညာချက်နဲ့ စီစဉ်ပါဝင်သူ အဖွဲ့အစည်းများအကြောင်းကိုပါ စီစဉ်ထည့်သွင်းထားမယ်လို့ ပြန်ကြားရေးက စီစဉ်နေပါတယ်။

မြန်မာကျောင်းသားများအစည်းအရုံး ဆန်ဖရန်စ္စကို(ဘေးဧရိယာ) - ABSSF
၁၉၈၈ ၈လေးလုံး မြန်မာ့ဒီမိုကရေစီ အရေးတော်ပုံနဲ့ ၁၉၈၈ မှာ နယ်စပ်ဒေသမှာ ဖွဲ့စည်းခဲ့တဲ့ ABSDF (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး) မှာ ၀င်ရောက်ပြီး တော်လှန်တိုက်ခိုက်ခဲ့ကြတဲ့ ကျောင်းသားလူငယ်တွေက အမေရိကန်ပြည်ဆန်ဖရန်စစ္စကိုဘေးဧရိယာကို ပြောင်းရွှေ့အခြေစိုက်ခဲ့ပြီးနောက် ၂၀၀၁ မှာ မြန်မာကျောင်းသားများအစည်းအရုံး ဆန်ဖရန်စစ္စကို(ဘေးဧရိယာ)ကို ထူထောင်ဖွဲ့စည်းခဲ့ကြတယ်။ မြန်မာပြည်ရဲ့ လွတ်မြောက်ရေး၊ တရားမျှတရေးနဲ့ ငြိမ်းချမ်းရေးအတွက် အကြမ်းမဖက်နည်းနဲ့ ဆက်လက် ဦးတည်ဆောင်ရွက်နေကြတယ်။ ဘေးဧရိယာ အရှေ့ခြမ်းမှာ အခြေစိုက်တယ်။
ဝက်ဆိုက် - http://abssf.weebly.com, အီးမေး - abssf8888@gmail.com
ဆက်သွယ်ရန် တာဝန်ခံများ - Kyaw H Khine (925-207-5696), Aung Z. Ni (510-967-4096.), Kyaw H Myaing (510-326-1962) 

Kachin Heritage Organization (ကချင်ရိုးရာအမွေအနှစ်အသင်း)
၂၀၀၉ ခုနှစ်တွင် ကယ်လီဖိုးနီးယားတွင် စတင်ထူထောင်သည်။ အသင်း၏ ရည်ရွယ်ချက်မှာ ကချင်ရိုးရာအမွေအနှစ်များဖြစ်သည့် စာပေ၊ ဓလေ့ထုံးတမ်း၊ ယဉ်ကျေးမှု၊ လူမှုအစဉ်အလာများကို ထိန်းသိမ်း စောင့်ရှောက် မြှင့်တင်ရန်ဖြစ်သည်။ မတရားဖိနှိပ်ခံရသူများကို ကာကွယ်စောင့်ရှောက်ရေး အတွက်လည်း ဆောင်ရွက်သည်။ မိမိတို့ လူမှုဝန်းကျင်တွင်း ငြိမ်းချမ်းရေး၊ တရားမျှတရေးနှင့် နားလည်မှုရှိရေးကိုလည်း တိုးပွားရန် ထူထောင်လျက်ရှိသည်။
ဆက်သွယ်ရန် လိပ်စာ - Kachin Heritage Organizationယ 4268 Solar Circle, Union City, CA 94587
ဝက်ဆိုက် - http://www.kachinheritage.org        အီးမေး -  contact@kachinheritage.org
အသင်းတာဝန်ခံများမှာ - Hkangda Brang, (510) 410-9447. Sumlut Naw(510) 862-2292.

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) အမေရိကန်ဌာနခွဲ
၁၉၈၈ ၈လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးက မွေးဖွားလာသော ၁၉၉၀ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အနိုင်ရ နိုင်ငံရေးပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်မှ ပါတီဝင်များဖြင့် နယ်စပ်ဒေသတော်လှန်ရေးနယ်မြေတွင် ဖွဲ့စည်းခဲ့သည်။ ဖွဲ့စည်းရာတွင် ၁၉၉၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁၄)ရက်နေ့တွင် နယ်စပ်ဒေသရှိ တော်လှန်ရေးနယ်မြေသို့ ရောက်ရှိလာသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အဖွဲ့ချုပ်၏ အဆင့်ဆင့်သောခေါင်းဆောင်များ၊ အဖွဲ့ဝင်များဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကို စတင်ဖွဲ့စည်းခဲ့သည်။
အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)၏ နိုင်ငံတကာ ဌာနခွဲများအဖြစ် အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ နော်ဝေ၊ အင်္ဂလန်၊ သြစတေးလျ၊ ဂျပန်၊ ကိုးရီးယါး၊ မလေးရှား စသည့် နိုင်ငံများတွင် အဖွဲ့ချုပ်၏ မူဝါဒ၊ လုပ်ငန်းစဉ်များနှင့် အဆင့်ဆင့်သော ဦးဆောင်မှုများကို အလေးအနက်ခံယူကာ  အသီးသီး ဖွဲ့စည်းလှုပ်ရှားလျက်ရှိသည်။
ဝက်ဆိုက် - http://NLDLAUSA.org  အီးမေး - toelwin74@gmail.com
အမေရိကန်ဌာနခွဲ၏ တာဝန်ခံများမှာ - မျိုးသန့် (ဥက္ကဋ္ဌ)၊ (716-796-4283), ကိုတိုးလွင် (အတွင်းရေးမှူး) (415-424-5811)
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (အမေရိကန်ဌာနခွဲ)
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ရှစ်လေးလုံးအရေးတော်ပုံကြီးမှ သန္ဓေတည် ပေါက်ဖွါးလာသော တော်လှန်သောပါတီတရပ် ဖြစ်ပါသည်။ ပါတီအား ၁၉၈၈ ခုနှစ်အောက်တိုဘာ (၁၄ ) ရက်နေ.တွင် ကိုမိုးသီးဇွန် ဦးဆောင်၍ စတင်တည်ထောင်ခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် န၀တ စစ်အုပ်စုမှ မတရားအသင်းကြေညာရာ ပါတီသည် လက်နက်ကိုင်လူမျိုးစုတိုင်းရင်းသားနယ်မြေသို့  တိမ်းရှောင်ကာ မြန်မာ့ဒီမိုကရေစီရေးကို နည်းလမ်းပေါင်းစုံဖြင့် ဥက္ကဌ ကိုမြင့်ဇော်မှ ဦးဆောင်ကာ ဆက်လက်တိုက်ပွဲဝင်ခဲ့သည်။ ယခုအခါ ပါတီဌာနချုပ်ကို ထိုင်းမြန်မာနယ်စပ်တွင် ဥက္ကဌ ကိုအောင်မိုးဇော်မှ ဦးဆောင်ကာ စိုက်ထူထားပါသည်။ ပါတီဌာနခွဲများကို ဂျပန်။ မလေးရှား၊ နော်ဝေ၊ ဗြှိတိန်၊ အမေရိကန် စသည်တို့တွင် ဖွင့်လှစ်ခဲ့သည်။ ပါတီ၏ အမေရိကန်ဌာနခွဲကို ၂၀၁၀ ဖေဖေါ်ဝါရီလ (၁၆) ရက်နေ့ တွင်စတင်ဖွဲ.စည်းခဲ့သည်။
 လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (အမေရိကန်ဌာနခွဲ) ဆက်သွယ်ရန် တာဝန်ခံများ
၁။ ရဲဘော်အောင်ကို (တာဝန်ခံ)
၂။ ရဲဘော်စိုးမိုး (ဒုတိယ တာဝန်ခံ)
 မိုးမခသတင်းနဲ့ မီဒီယာ (MoeMaKa News & Media Group)
၂၀၀၃ ခုနှစ်တွင် ထူထောင်သည်။ မြန်မာစာပေ၊ ယဉ်ကျေးမှု၊ အနုပညာနဲ့ လွတ်လပ်တဲ့ လူ့ဘောင်သစ်ဟု ကြွေးကြော်သံထုတ်ထားသည်။ ပြည်တွင်း ပြည်ပရှိ မြန်မာတိုင်းရင်းသားတို့၏ ခံစားချက်နှင့် လှုပ်ရှားမှုများကို တင်ပြသတင်းပို့သော ကိုယ်ထူကိုယ်ထ စေတနာ့ဝန်ထမ်း သတင်းဝက်ဆိုက်ဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားများ၊ စစ်အစိုးရကို သပိတ်မှောက်ထားသော စာနယ်ဇင်းသမားနှင့် မိသားစုများကို အတတ်နိုင်ဆုံး အားပေးထောက်ခံသော ရန်ပုံငွေလှုပ်ရှားမှုများကို မိုးမခမိတ်ဆွေများ၏ အလှူဖြင့် ဆောင်ရွက်လျက်ရှိသည်။
ဝက်ဆိုက် - http://MoeMaKa.com အီးမေး - editors@moemaka.com
တာဝန်ခံ - မောင်ရစ် (510-851-6501)၊ ကိုဦး (720-949-5317)၊ ကိုဇာနည်ဝင်း
လိပ်စာ - PO Box 320207, San Francisco, CA 94132-0207

No comments:

Post a Comment