လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (အမေရိကန်ဌာနခွဲ)
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ရှစ်လေးလုံးအရေးတော်ပုံကြီးမှ သန္ဓေတည် ပေါက်ဖွါးလာသော တော်လှန်သောပါတီတရပ် ဖြစ်ပါသည်။ ပါတီအား ၁၉၈၈ ခုနှစ်အောက်တိုဘာ (၁၄ ) ရက်နေ.တွင် ကိုမိုးသီးဇွန် ဦးဆောင်၍ စတင်တည်ထောင်ခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် န၀တ စစ်အုပ်စုမှ မတရားအသင်းကြေညာရာ ပါတီသည် လက်နက်ကိုင်လူမျိုးစုတိုင်းရင်းသားနယ်မြေသို့ တိမ်းရှောင်ကာ မြန်မာ့ဒီမိုကရေစီရေးကို နည်းလမ်းပေါင်းစုံဖြင့် ဥက္ကဌ ကိုမြင့်ဇော်မှ ဦးဆောင်ကာ ဆက်လက်တိုက်ပွဲဝင်ခဲ့သည်။ ယခုအခါ ပါတီဌာနချုပ်ကို ထိုင်းမြန်မာနယ်စပ်တွင် ဥက္ကဌ ကိုအောင်မိုးဇော်မှ ဦးဆောင်ကာ စိုက်ထူထားပါသည်။ ပါတီဌာနခွဲများကို ဂျပန်။ မလေးရှား၊ နော်ဝေ၊ အင်္ဂလန်၊ အမေရိကန် စသည်တို့တွင် ဖွင့်လှစ်ခဲ့သည်။ ပါတီ၏ အမေရိကန်ဌာနခွဲကို ၂၀၁၀ ဖေဖေါ်ဝါရီလ (၁၆) ရက်နေ့ တွင်စတင်ဖွဲ.စည်းခဲ့ သည်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (အမေရိကန်ဌာနခွဲ) ဆက်သွယ်ရန် တာဝန်ခံများ
၁။ ရဲဘော်အောင်ကို (တာဝန်ခံ)
၂။ ရဲဘော်စိုးမိုး (ဒုတိယ တာဝန်ခံ)
No comments:
Post a Comment